Reusable Period Disc - Small

 ဓမ္မတာနေ့ရက်များကို ပိုမိုလွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့် ရေရှည်သုံး ထုတ်ကုန်     

ဓမ္မတာလာချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့် Menstrual Disc ပါ။ နူးညံ့ပျော့ပြောင်းတဲ့ ဒီဇိုင်းကြောင့် နာကျင်မှုလုံးဝမရှိပဲ၊ ယိုစိမ့်မှုကင်းစင်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ တစ်ခါဝယ်ယူရုံနဲ့ အနည်းဆုံး ၅နှစ်အထိ အသုံးပြုနိုင်တဲ့အတွက် စီးပွားရေးအရ တွက်ခြေကိုက်ပြီး သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းရာရောက်ပါတယ်။ ပူလှောင်အိုက်စပ်မှု၊ အနံ့ဆိုးထွက်မှုတွေကို ပူပန်စရာမလိုတော့ပဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။  

 ထူးခြားချက်များ 

• တစ်ခါဝယ်ယူရုံဖြင့် ၅နှစ်အထိ အသုံးပြုနိုင်

• အနံ့ဆိုးများ လုံးဝကင်းစင်

• နူးညံ့ပျော့ပြောင်းသော ဒီဇိုင်းဖြင့် နာကျင်မှုမရှိ

• လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်

• သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်

• Waste-Free | 100% medical grade silicone.  

Type (required)

 အသုံးပြုရန် အချိန်ကာလ  • အနည်းဆုံး ၂နှစ် မှ ၅နှစ်ထိ အသုံးခံ  

 အသုံးပြုနည်း

လက်များကို သန့်ရှင်းစွာဆေးကြောပြီး ရေနွေးဖြင့် ပိုးသတ်ပါ။

Disc ကို အလျားလိုက်ညှစ်၍ ဆောင့်ကြောင့်ထိုင်လျက် (သို့) ခြေတစ်ဖက်မြှောက်လျက် ဖြည်းညင်းစွာ ထည့်သွင်းပါ။

ဆီးခုံရိုးအပေါ်တွင် အံဝင်ခွင်ကျ ဖြစ်သည်အထိ ထည့်သွင်းပါ။

ပြန်လည်ထုတ်လိုပါက ကြွက်သားများကို ဖြေလျှော့ထား၍ လက်ကိုင်နေရာမှ ညင်သာစွာ ဆွဲထုတ်ပါ။  

 သိမ်းဆည်းနည်း 

အသုံးပြုပြီးတိုင်း ရေအေးနဲ့ အရင်ဆေးပြီး ဆပ်ပြာရည်နဲ့ သေချာလေး သန့်စင်ပေးရပါမယ်။

ပြီးရင်တော့ ရေနွေးဆူဆူထဲ ၃-၅ မိနစ်လောက် ထည့်ပြီး ပိုးသတ်လိုက်ပါ။ သန့်ရှင်းတဲ့အဝတ် သို့ Paper Towel နဲ့ သုတ်ပေးပါ။

သန့်ရှင်းတဲ့ အိတ် ဒါမှမဟုတ် ဘူးလေးထဲ ထည့်သိမ်းထားပြီး အပူချိန်မြင့်တဲ့နေရာတွေ၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေကနေ ရှောင်ထားပေးနော်။

နောက်တစ်ခါ သုံးတော့မယ်ဆိုရင်လည်း ရေနွေးနဲ့ ထပ်ပိုးသတ်ပေးဖို့ မမေ့နဲ့နော်။  

 Menstrual Disc အရွယ်အစား ရွေးချယ်နည်း 

Small Size (20ml) က ဓမ္မတာသွေးဆင်းနည်းတဲ့သူတွေ၊ ကိုယ်လက်အလေးချိန် ပိန်ပိန်ပါးပါးဖြစ်သူတွေအတွက် အဆင်ပြေပြီး၊

Large Size (25ml to 30ml) ကတော့ ကိုယ်ဝန်ဆောင်ဖူးပြီးသူတွေ၊ ဓမ္မတာသွေးဆင်းများတဲ့သူတွေနဲ့ ကိုယ်လက်အလေးချိန် ပုံမှန်နဲ့အထက်ရှိသူတွေအတွက် ပိုသင့်တော်တယ်။ အသက်အရွယ်ထက် ကိုယ့်ရဲ့ flow များနည်းပေါ်မူတည်ပြီး ရွေးချယ်တာ ပိုကောင်းတယ်နော်။ ဥပမာ အပျိုဖြစ်နေပေမယ့် flow များတယ်ဆိုရင် Large Size က ပိုအဆင်ပြေနိုင်တယ်။

Disclaimer - မိမိအနေနဲ့ သုံးဖို့ မရဲတဲ့သူတွေ မသုံးဖို့အကြံပြုပါတယ်။ လွတ်လပ်စွာရွေးချယ်ပါနော်။ ဒီလို ကုန်ပစ္စည်းအတွက် မည်သူ တစ်ဦးတယောက်ကိုမှ Force မပေးလိုပါ။ 

 အသုံးပြုနည်း

လက်များကို သန့်ရှင်းစွာဆေးကြောပြီး ရေနွေးဖြင့် ပိုးသတ်ပါ။

Disc ကို အလျားလိုက်ညှစ်၍ ဆောင့်ကြောင့်ထိုင်လျက် (သို့) ခြေတစ်ဖက်မြှောက်လျက် ဖြည်းညင်းစွာ ထည့်သွင်းပါ။

ဆီးခုံရိုးအပေါ်တွင် အံဝင်ခွင်ကျ ဖြစ်သည်အထိ ထည့်သွင်းပါ။

ပြန်လည်ထုတ်လိုပါက ကြွက်သားများကို ဖြေလျှော့ထား၍ လက်ကိုင်နေရာမှ ညင်သာစွာ ဆွဲထုတ်ပါ။  

 သိမ်းဆည်းနည်း 

အသုံးပြုပြီးတိုင်း ရေအေးနဲ့ အရင်ဆေးပြီး ဆပ်ပြာရည်နဲ့ သေချာလေး သန့်စင်ပေးရပါမယ်။

ပြီးရင်တော့ ရေနွေးဆူဆူထဲ ၃-၅ မိနစ်လောက် ထည့်ပြီး ပိုးသတ်လိုက်ပါ။ သန့်ရှင်းတဲ့အဝတ် သို့ Paper Towel နဲ့ သုတ်ပေးပါ။

သန့်ရှင်းတဲ့ အိတ် ဒါမှမဟုတ် ဘူးလေးထဲ ထည့်သိမ်းထားပြီး အပူချိန်မြင့်တဲ့နေရာတွေ၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေကနေ ရှောင်ထားပေးနော်။

နောက်တစ်ခါ သုံးတော့မယ်ဆိုရင်လည်း ရေနွေးနဲ့ ထပ်ပိုးသတ်ပေးဖို့ မမေ့နဲ့နော်။  

Waste-Free | 100% medical grade silicone. (front) 

Leave a review
You might also like

Reusable Period Disc

Reusable Period Disc - Large

MMK 23,000.00