Image

The Mix by Su

ကျွန်မတို့ရဲ့ အမှတ်တံဆိပ်အကြောင်း

Image
Icon

1 M+

Customers
Icon

3000+

Shops
Icon

$3M+

Revenue
Image

Su Phone Mo

(Founder)

ဆု နာမည်အရင်းကတော့ “ဆုဖုန်းမို” ဖြစ်ပါတယ်။ ဥပဒေကျောင်းသူဘ၀တုန်းက အလှအပနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ မျက်နှာသစ်ဆပ်ပြာခဲလေး ကိုယ်တိုင်သုံးကြည့်ပြီး သဘောကျလို့ ရောင်းချရာကနေ The Mix by Su ဆိုတဲ့ အမှတ်တံဆိပ်လေးဖြစ်လာခဲ့ပါတယ်။ သဘာ၀ပစ္စည်းတွေကနေ ဆု တို့ရဲ့ လူနေမှု ဘ၀ပုံစံ ကို အများကြီး အထောက်အကူ တစ်ဖက်တစ်လမ်းက ပြုနိုင်ခဲ့တယ်ဆိုတာသိတဲ့အခါမှာ မြန်မာနိုင်ငံက ဆု လို အလှအပ အပြင် တကိုယ်ရည်ကျန်းမာရေးကို စိတ်ဝင်စားတဲ့ အမျိုးသား၊အမျိုးသမီး တွေအတွက် အရည် အသွေးကောင်းမွန်စိတ်ချရပြီး ထိရောက်မှုရှိတဲ့ ကုန်ပစ္စည်းလေးတွေကို ဖြန့်ချီဖို့ စိတ်ဆန္ဒပြင်းပြခဲ့တယ်။ ဒီလိုနဲ့ ဆုတို့ သဘာ၀ပစ္စည်း သာမက Cosmetic Chemistry ကို ထဲထဲဝင်ဝင် လေ့လာပြီးနောက်မှာ ဘေးဥပါဒ်ကင်းပြီး Innovative ဖြစ်တဲ့ ကုန်ပစ္စည်းတွေကိုပါ ထုတ်လုပ်လာနိုင်ခဲ့တယ်။ ဆုတို့ မြန်မာနိုင်ငံမှာ နည်းပညာကိုအသုံးပြုပြီးလူတွေဘ၀ကို အလှ ကုန် နဲ့ လူသုံးကုန်မှ တဆင့် လူနေမှုအဆင့်အတန်းမြင့်မားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းလေးက တည်ရှိနေတာဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လူ့ပတ်ဝန်းကျင်အတွက် အကျိုးရှိတဲ့ ကုန်ပစ္စည်းတွေကို စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ဖြန့်ချီသွားပါဦးမယ်ရှင့်။ ဒီအတွက် အားပေးသူ တဦးတယောက်စီက ဆုတို့ ခွန်းအားတွေဖြစ်စေပါတယ်လို့ ပြောချင်ပါတယ်။

Image

Khin Myint Zu Khine

(Co-Founder)

ကျွန်မ "ခင်မဥ္ဇူခိုင်" ပါ။ The Mix by Su တစ်နှစ်ပြည့်မှာ Co-founder အနေနဲ့ ဝင်ရောက်ခဲ့ပါတယ်။ Model သရုပ်ဆောင်ဖြစ်တဲ့အလျှောက် အလှအပ နဲ့ အသားအရည်ကို ကိုယ်တိုင်လည်းဂရုစိုက်သလို မြန်မာနိုင်ငံမှာရှိတဲ့ မိန်းကလေးရော ယောကျာ်းလေးပါ လှစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စျေးနှုန်းသင့်တင့်ပြီး quality ကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေပေးချင်ခဲ့တယ်။ ဒါကြောင့် cosmetic chemistry ကို ထဲထဲဝင်ဝင် လေ့လာပြီး လူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ပစ္စည်းတွေထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ The Mix by Su ရဲ့ ထုတ်ကုန်တိုင်းဟာ လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး စျေးနှုန်းသင့်တင့်၊ အရည်အသွေးမြင့်မားဖို့ရန် အဓိကထားပြီးထုတ်လုပ်တဲ့ အမှတ်တံဆိပ်အဖြစ် ရောက်ရှိလာခဲ့ပါပြီ။ ဒီလုပ်ငန်းကို လုပ်လာတဲ့ တလျှောက်မှာ ကျွန်မတို့နှစ်ယောက်ရဲ့ စိတ်ဆန္ဒပြင်းပျမှုနဲ့ တူညီတဲ့ ရည်ရွယ်ချက်ကတော့ ဆန်းသစ်ပြီး ဘေးကင်းထိရောက်မှုရှိတဲ့ အလှအကုန်အပြင်အခြားသော လူသုံးကုန်များကို မြန်မာနိုင်ငံတွင်သာမက အခြားသောနိုင်ငံများကို ဖြန့်ချိနိုင်ဖို့ပါ။ ဒီခရီးက ရှည်ပါတယ်။ ရှေ့ဆက်ဖို့ အတွက် အားပေးသူတယောက်စီတိုင်းရဲ့ ယုံကြည်မှုသာမရှိရင် ကျွန်မတို့ ခရီးမပေါက်နိုင်ပါဘူး။ ဒီအတွက် အားပေးသူတစ်ဦးစီရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်စွာ ကြိုးစားသွားပါမယ်လို့ Co-founder တယောက်အနေနဲ့ ကတိပေးပါတယ်။

**အလှအပမှတဆင့် စိတ်ခွန်အားပေးစွမ်းနိုင်ရန်**

ကျွန်မတို့ရဲ့ တကိုယ်ရေအသုံးအဆောင်ထုတ်ကုန်များကြောင့်၊ သုံးစွဲသူတိုင်း မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီး၊
ချစ်မြတ်နိုး တန်ဖိုးထားလာစေရန် ရည်ရွယ်ပါသည်။

**အသိပညာပိုင်းဆိုင်ရာပိုမိုကျယ်ပြန့်လာစေရန်**

အလှအပအတွက်တင်သာမကဘဲ ကျန်းမာသော နေထိုင်မှု ပုံစံတခုဖြစ်လာစေရန်ရည်မှန်းချက်ဖြင့်
ဗဟုသုတ သိမှတ်ဖွယ်ရာများကိုလည်း မျှဝေလျက်ရှိပါသည်။

The Mix by Su Icon
Iconဆောင်ရွက်ချက်

The Mix by Su သည် အရည်အသွေးပြည့်မီသော လူသုံးကုန်များကို မြန်မာပြည်သူပြည်သားတိုင်း စိတ်ဖိစီးမှုကင်းဝေးစွာ အသုံးပြုနိုင်ရန်ရည်ရွယ်လျက်၊ သက်သာသော နှုန်းထားဖြင့် မြန်မာနိုင်ငံတွင်ပင် ကိုယ်ပိုင်စက်ရုံဖြင့် လည်ပတ် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ လူသုံးကုန်ဟုဆိုရာတွင် ခေါင်းအစ ခြေအဆုံး ကျန်းမာသန့်ရှင်းရေးမှအစ၊ ပိုမိုလှပပြီး ကို့ကိုကိုယ်ယုံကြည်မှုပိုရှိလာစေရန်အဆုံး၊ ရည်ရွယ်၍ အသားအရေ၊ ဆံသားပြဿနာများအလိုက် ရွေးချယ်စရာစုစုပေါင်း ထုတ်ကုန် (၁၈) မျိုးထိ ရှိနေပြီဖြစ်ပါသည်။ လက်ရှိတွင် မြန်မာပြည်တွင်းတွင်သာမက၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း စသော နိုင်ငံတကာစျေးကွက်ကိုပါ တိုးချဲ့ဖြန့်ဖြူးနေနိုင်ပြီဖြစ်ပါသည်။

Icon စံတန်ဖိုးထားမှုတွေအပေါ်။

ကျွန်မတို့ The Mix by Su သည် လုပ်ငန်းအတွင်းရော၊ အပြင်မှာပါ ဂုဏ်သိက္ခာရှိမှုကို တန်ဖိုးထားသည့်အလျောက်၊ ဝယ်သူများ စိတ်ကျေနပ်မှုရစေရန် စဉ်ဆက်မပြတ်ဦးစားပေးလုပ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်မတို့ အောင်မြင်မှုကိုလည်း အရည်အသွေးမြင့်မားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုအရည်အသွေးအပေါ် ကိုသာ အခြေတည်၍ပေါက်ဖွါးစေပါသည်။ ပြည်တွင်းနှင့်ပြည်ပမှ အားပေးသူများကိုအကျိုးပြုသည့် လူ့ကျင့်ဝတ်ကိုသာလိုက်နာဆောင်ရွက်လျက်ရှိပါသည်။

Icon ဘက်စုံ ကျန်းမာ လှပဖို့ရာ။

“အလှအပ” ဆိုသည်မှာ “ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုတို့ တပြိုင်နက်တည်းဖြစ်ပေါ်နေသောအရာ” ဟု နားလည်လက်ခံသည်နှင့်အမျှ၊ သူမတူ ထူးခြားသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အစီအစဉ်များဖြင့် လူမှုပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ရန် အမြဲတစေရည်သန်လျက်ရှိပါသည်။ လက်ရှိအချိန်တွင်၊ စိတ်ရော ကိုယ်ပါ ကျန်းမာလှပ ရင့်ကျက်လာစေရန် ရည်ရွယ်ချက်ဖြင့်၊ သတ်မှတ်ပမာဏအထက်ဝယ်ယူသူတိုင်းအတွက် Planner Card များအား လက်ဆောင်ထည့်ပေးလျက်ရှိပါသည်။ ဤအစီအစဉ်မှတဆင့် မြန်မာနိုင်ငံသားများ၏ ကောင်းကျိုးအတွက် ယခင်ကထက် ပိုမိုစွမ်းဆောင်ပေးနိုင်လာပြီဖြစ်ပါသည်။ သာမန် ရုပ်ပိုင်းဆိုင်ရာ လှပမှုထက် ပိုသော တန်ဖိုးတခုကို The Mix by Su မှာ စျေးဝယ်ရင်း ရယူနိုင်ပါပြီ!

**နိုင်ငံတကာအဆင့်မီအရည်အသွေး နှင့် ဖန်တီးမှုများ**

ဂုဏ်ယူဖွယ်ရာ မြန်မာ့ထုတ်ကုန်အမှတ်တံဆိပ်ဖြစ်စေရန်အလို့ငှါ အရည်အသွေးမြင့်ပြီး ဆန်းသစ်သော ထုတ်ကုန်များဖြင့်သာ
သုံးစွဲသူများအား ကောင်းကျိုးပြုရန် ကတိပြုလျက်ရှိပါသည်။

**သုံးစွဲသူများ စိတ်ကျေနပ်ရေးသည်သာလျှင် ပထမ**

အမြဲတစေ ပြောင်းလဲလေ့ရှိသော အကြိုက်၊ ခေတ်ရေစီးကြောင်း နှင့် နည်းပညာများကိုအခြေခံလျက် စိတ်ကျေနပ်မှုအပြည့်ပေးနိုင်သော
ထုတ်ကုန်များကို ကိုယ်ပိုင်စက်ရုံတွင် ပညာရှင်များနှင့်အတူ၊ ပေးစွမ်းနိုင်ရန် အဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

The Mix by Su Icon

FREE SHIPPING (RETAIL)

Over MMK 60,000 for Yangon
Over MMK 120,000 for other towns

FREE SHIPPING (WHOLESALE)

Over MMK 550,000 for Yangon and other town highway stations.

WHERE TO BUY